တရုတ်နိုင်ငံသို့ တင့်ရောင်းချနေသည့် မြန်မာ့ဖရဲသီးများ အရောင်းအဝယ်ပြန်သွက်၍ ဈေးနှုန်းမြင့်တက်လာ

0
282

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့တင့်လျက်ရှိသည့် မြန်မာ့ဖရဲသီးများနှင့်အစေ့မဲ့အသီးများ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်သွက်လာပြီး ဈေးနှုန်းမြင့်တက်လာကြောင်း ဖရဲသီးတင့်နေသည့်ကုန်သည်များထံမှ သိရသည်။

တရုတ်နှစ်သစ်ကူးကာလအပြီး ဖရဲ၊ သခွားဈေးကွက်မှာ အရောင်းအဝယ်‌အေးနေပြီး ယခုဖေဖော်ဝါရီ ၁၁ ရက်ခန့်မှစတင်၍ ၁ ကီလိုဂရမ်အား ယခင် ၃ .၆ယွမ်မှ ၄.၁ ယွမ်သို့ ဈေးနှုန်းမြင့်တက်လာကာ အစေ့မဲ့အသီးမှာလည်း ၁ ကီလိုဂရမ်ှင် ယခင် ၅ .၄ ယွမ်မှ ၅ .၇ ယွမ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

“သခွားမွှေးကတော့ အရင်အတိုင်းပဲဈေးနှုန်းငြိမ်နေတယ် အရည်အသွေးအကောင်းဆုံး သခွားမွှေး ၁ ကီလိုဂရမ်ကို ၅. ၈ ယွမ်ကနေ ၆. ၆ ယွမ်ကြားရှိတယ်၊ ဖရဲသီးကတော့ဈေးနှုန်းအမြင့်နဲ့ရောင်းလာရပြီ”ဟု ကုန်သည်တစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း၌ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ဖရဲသီး၊ သခွားမွှေးနှင့်အစေ့မဲ့အသီး နေ့စဉ်ကားစီးရေ ၁၅၀ နှင့် ၁၇၀ ကြား ဝင်ထွက်လျက်ရှိကြောင်း သိရသည်။

“တရုတ်ဖက်ကအဝယ်လိုက်လာတော့ မြန်မာနိုင်ငံက ဖရဲ၊ သခွားစိုက်တဲ့တောင်သူတွေလည်း ပိုပြီးအဆင်ပြေလာတာပေါ့ဗျာ အခုဆိုရင် ဖရဲသီး၊ သခွားမွှေးသီးနဲ့အစေ့မဲ့အသီးတင်တဲ့ ကားစီးရေပိုတိုးပြီး တရုတ်ဖက်ကိုသွား့စီစဉ်နေတယ်”ဟု ကုန်သည်တစ်ဦးကပြောသည်။

ယင်းအပြင် Border Trade 2.0 System အားအဆင့်မြှင့်တင်ထားသဖြင့် ခါလီတန်ချိန်၊ ကုန်ချရမည့် ဆိပ်ကမ်း၊ သစ်သီးတင်ဆောင်လာသောယာဉ်ပုံများနှင့်ရောဂါပိုးမွှားဆေးစစ်ချက်မှတ်တမ်းများကို အချက်အလက်မှတ်တမ်းတင်ပြီးပါက နောက်တစ်ကြိမ် တရုတ်နိုင်ငံဘက်သို့ပြန်လည်ဝင်ရောက်ရာတွင် အလွယ်တကူဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဖရဲသီး၊ သခွားမွှေးနှင့်အစေ့မဲ့အသီးများအား ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့-ဝမ်တိန်ကုန်သွယ်ရေးဂိတ်မှတဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here