ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ သိန်း ၃၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
288

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၃၇၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဥ် ရန်ကုန်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မ၀င်းယုမော် ၏ ခရီးဆောင်အိတ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၇၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မ၀င်းယုမော်(၄၀)နှစ်အား ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here