ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

0
273

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။

မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦး(အမျိုးသား)၊ အသက်(၅)နှစ်အရွယ်ကလေးငယ် ၁ ဦး (အမျိုးသား)နှင့် အမျိုးသမီး ၃ ဦး(စုစုပေါင်း ၅ ဦး)တို့မှာ မီးခိုးမွှန်သွားခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လျှပ်စစ်ပစ္စည်းဆိုင်ကနေစလောင်တာလို့ သိထားတယ် မီးလောင်တော့ အဲဒီတိုက်မှာနေတဲ့လူတွေ ဘေးချင်းကပ်တိုက်တွေမှာနေတဲ့လူတွေကကြောက်ပြီး ဝရန်တာတွေပေါ်ကနေအောက်ကိုဆင်းဖို့လုပ်နေလို့အန္တရာယ်မဖြစ်အောင် အမြန်ကယ်ပေးခဲ့ရတယ် မီးငြှိမ်းတဲ့အဖွဲ့ကသပ်သပ် ကယ်ဆယ်ရေးလုပ်ရတဲ့အဖွဲ့ကသပ်သပ် အချိန်ကိုက်ဖြစ်အောင်ကြိုးစားပြီးလုပ်ခဲ့ရတယ် မီးခိုးမွှန်သွားတဲ့ ၅ ယောက်မှာ မွေးကင်းစကလေးပါ ပါနေတော့ဆေးရုံကိုပို့ပေးထားတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here