အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တဲ့မန်စီးတီး

0
144

လက်ရှိပရီးမီးယားလိဂ်‌ ဘောလုံးရာသီအမှတ်ပေး ဇယားရဲ့အဆင့် ၁ နေရာကို အချိန်ကြာမြင့်စွာ ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်းကို မန်စီးတီး အသင်းက အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ၁ ဂိုး ၃ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အချိန်ကြာမြင့်စွာ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ချန်ပီယံ အိပ်မက်ကို အသက်ဆက်စေခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ် ဇယားထိပ်မှာ မန်စီးတီးအသင်းက ၂၃ ပွဲကစား ရမှတ် ၅၁ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ်အသင်းက ၂၂ ပွဲကစား (တစ်ပွဲလျော့) ရမှတ် ၅၁ မှတ်နဲ့ ဒုတိယ၊ မန်ယူနိုက်တက်က ၂၃ ပွဲကစား ရမှတ် ၄၆ မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေတာကြောင့် ပထမနဲ့ တတိယနေရာဟာ ရမှတ် ၅ သာ ကွာဟနေပြီး နောက်လာမယ့်ပွဲစဉ်တွေဟာ ချန်ပီယံဆုအတွက် ပိုမိုအကြိတ်အနယ် ရှိလာတော့မှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here