NSPNC နှင့် NMSP တို့၏ဆွေးနွေးညှိနှိုင်းမှုများမှ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး

0
173

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)နှင့်မွန်ပြည်သစ်ပါတီ(NMSP)တို့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ တတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဒေသဖွံ့ဖြိုးရေး၊မွန်စာပေသင် ကြားရေးနှင့်အထွေထွေကိစ္စများကိုဆွေးနွေး၍ ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို NSPNC နှင့် NMSP တို့မှအတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ညှိ နှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ် ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ခဲ့ကြသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ(NMSP) ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း၊တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်သည့် နိုင်ဗညားလယ်၊နိုင်အောင်မငေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here