အိန္ဒိယရှိ ဘီဘီစီ သတင်းဌာနရုံးများကို အစိုးရအခွန်စုံစမ်းစစ်ဆေးရေးဆိုင်ရာ တာဝန်ရှိသူများ ထပ်မံဝင်ရောက်စီးနင်း

0
281

အိန္ဒိယနိုင်ငံ နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များရှိ ဘီဘီစီ သတင်းဌာနရုံးများအား အိန္ဒိယနိုင်ငံ အစိုးရ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက ဒုတိယအကြိမ် ထပ်မံဝင်ရောက်စီးနင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြန်ကြောင်း သိရသည်။

သတင်းများအရ ဒေလီနှင့် မွမ်ဘိုင်းရှိ ဘီဘီစီ သတင်းဌာနရုံးများကို အစိုးရတာဝန်ရှိသူများက ဝင်ရောက်ခဲ့ကာ ဒါဇင်နှင့်ချီသော ဝန်ထမ်းများကို အင်္ဂါနေ့က နာရီအတန်ကြာ ထိန်းသိမ်းခဲ့ကာ ဖုန်းများနှင့် လက်ပ်တော့များကိုလည်း သိမ်းဆည်းခဲ့ပြီး ညတွင်းချင်းပင် ဆက်လက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

“ဝင်ငွေခွန်ဆိုင်ရာ တာဝန်ရှိသူတွေဟာ နယူးဒေလီနဲ့ မွမ်ဘိုင်းမှာရှိတဲ့ ဘီဘီစီရုံးတွေမှာ ရှိနေဆဲဖြစ်ပါတယ်။ ဝန်ထမ်းအများအပြားကတော့ အခုအခါမှာ ရုံးအဆောက်အအုံတွေက ထွက်ခွာခွင့်ရကြပြီဖြစ်ပေမယ့် တချို့ကတော့ ကျန်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ တာဝန်ရှိသူတွေနဲ့ အတူပူးပေါင်းဆောင်ရွက်ပေးနေဆဲဖြစ်ပါတယ်” ဟု BBC သတင်းက အင်္ဂါနေ့ညနေနှောင်းပိုင်းတွင် တွစ်တာတွင် ဖော်ပြခဲ့သည်။

အခွန်ဆောင်မှု၊ အမြတ်အစွန်းပြောင်းလဲတင်ပြမှုနှင့် အိန္ဒိယနိုင်ငံ၏ တည်ဆဲဥပဒေတို့ကို မလိုက်နာမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး၊ ဘီဘီစီသတင်းဌာနကလည်း ယင်းတို့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအား ဝေဖန်သည့် မှတ်တမ်းရုပ်ရှင်ကို ထုတ်ပြန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ စီးနင်းရှာဖွေများပြုလုပ်လာခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here