လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုတွင်မိုးရွာသွန်းမည်

0
199

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)တွင် တိုင်းထွာရရှိချက်များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊နေပြည်တော်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးသည်းထန်စွာရွာသွန်းမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် ယနေ့ညနေအထိ မိုးဇလ၏ ခန့်မှန်းချက်များအရ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းမည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း အမြင့် ၃ ပေမှ ၇ ပေခန့်ရှိသည့် လှိုင်းများဖြစ်ပေါ်မည်ဟု မိုးဇလကခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here