ဒဂုံဆိပ်ကမ်းတွင် ဆီဘောက်ဆာကားနှင့် Dyna ကားတိုက်ပြီး ၂ စီးလုံးလမ်းဘေးထိုးကျ

0
356

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ရတနာလမ်းနှင့်ပဲခူးမြစ်လမ်းထောင့်တွင် ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ရတနာလမ်းနှင့်ပဲခူးမြစ်လမ်း ထောင့်၊(၅၉)ရပ်ကွက်တွင် ဆီဘောက်ဆာကားနှင့် Dyna ကားတို့တိုက်မိပြီးနောက် ၂ စီးလုံး လမ်းဘေးသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဆီဘောက်ဆာကားပါဝင်နေ၍ မီးလောင်မှုမဖြစ်ပွားစေရန် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ Foam မီးသတ်ယာဉ်(၁)စီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ Foam မီးသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများ ပြုလုပ်လျက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here