အများပိုင်ယာဉ်လိုင်းမပြောင်းသည့် YBS ယာဉ်များကို ပြေးဆွဲခွင့်ပိတ်မည်

0
230

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တစ်ဦးချင်းပိုင် YBS ယာဉ်တွေအနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲပါက ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

အများပိုင်ယာဉ်လိုင်းအဖြစ်ပြောင်းလဲပြေးဆွဲရန် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်အတွင်း အများပိုင်ကုမ္ပဏီကို ဝင်ရောက်ပြောင်းလဲခြင်းမရှိပါက CNG လုပ်ငန်းလိုင်စင်ပိတ်သိမ်းပြီး YBS ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

“YBS ယာဉ်လိုင်းတွေမှာ ပုတ်ပြတ်မောင်းနှင်တဲ့ ယာဉ်တွေမရှိစေဖို့အတွက် အခုလို အများပိုင်အဖြစ်ပြောင်းလဲဖို့အတွက် ယာဉ်လိုင်းတွေကို အကြောင်းကြားထားပါတယ်။ ယာဉ်မောင်းတွေကို ပုတ်ပြတ်စနစ်နဲ့ငှားတယ်။ ယာဉ်စီးခတွေကိုပိုတောင်းတယ်။ စည်းကမ်းမဲ့မောင်းတယ်။ အဲဒါတွေကြောင့် အများပိုင်အဖြစ်ပြောင်းလဲခိုင်းတာပါ”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

မြို့တွင်း၌ YBS ယာဉ်အစီးရေ ၅၀၀၀ ကျော်ရှိပြီးယင်းတွင် ယာဉ်အစီးရေအများစုသည် အများပိုင်အဖြစ် ပြောင်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ YBS ယာဉ်လိုင်းပေါင်း ၃၄၀၀ ကျော်နှင့် နေ့စဉ် ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

လက်ရှိတွင် စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဉ်အစီးရေ ၅၀၀ ကျော်ကိုလည်း CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here