အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာနဲ့ မန်ယူနိုက်တက်

0
634

ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာမဗာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ဘာစီလိုနာအိမ်ကွင်းဖြစ်တဲ့ နူးကမ့်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နှစ်သင်းစလုံးဟာ ပထမပိုင်းမှာ တစ်ဖက်အသင်းရဲ့အမှားကို တစ်ဖက်စောင့်ကစားခဲ့တာကြောင့် ပွဲဟာအနည်းငယ်အေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တိုက်စစ်ဖွင့်ကစားလာတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘာစီလိုနာဟာ မန်ယူနိုက်တက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး မန်ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းပြမှုကြောင့်သာ ၂ ဂိုး၂ ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ မန်ယူနိုက်တက်ဟာ လာမယ့် ‌ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် မန်ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုလ်းထရက်ဖိုစ့်မှာ ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here