မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် အမြဲတမ်းမိတ် ဆွေနိုင်ငံ၊အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

0
178

ပထဝီနိုင်ငံ​ရေးကြား နစက ၏ နိုင်ငံခြား​ရေးမူဝါဒများသည် ဘက်မလိုက်​နေထိုင်မူကို ပြသလျှက်ရှိ​ကြောင်း​တွေ့​နေရသည်။မြန်မာသည် တရုတ်၊အိန္ဒိယတို့နှင့်စီးပွားကူးသန်းမှုများပြန်လည်မြင့်တက်လာပြီး အိန္ဒိယ ​ရေတပ်နှင့်လည်း နီးကပ်​သောဆက်ဆံ​ရေးရှိ​နေသည်။တရုတ်နှစ်ကူး၊ဟိန္ဒူပွဲ​တော်၊ခရစ်ယာန်ပွဲ​တော်များကိုလည်း နစက ဥက္ကဌက လာ​ရောက်တက်​ပေးခဲ့ခြင်းများလည်းရှိ​သည်။ထို့အတူရုရှားနှင့်လည်း ဆက်ဆံ​ရေးပြန်လည်တည်​ဆောက်လာ​နေသည်ကို​တွေ့ရသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကပင် သံတမန်ဆက်ဆံခဲ့ကြသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးအား နစက အစိုးရလက်ထက်တွင် ယခင်ကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံတပ်မတော်ကြားနှင့် ကုန်သွယ်မှုများ၊သိပ္ပံနည်းပညာဆိုင်ရာများ၊ကာ ကွယ်ရေးဆိုင်ရာများအပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ခြင်းများကို မြှင့်တင်နိုင်ခဲ့သည်ဟု နစကဥက္ကဌ ဆိုသည်။

ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်၌ပြုလုပ်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ -ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် အဖွင့်အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာ အမြဲတမ်းမိတ်ဆွေနိုင်ငံ၊အမြဲတမ်းမဟာမိတ်နိုင်ငံတွေအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာ ဟိုးအရင်ထဲက နှစ်နိုင်ငံ အပြန်အလှန် နားလည်မှု၊စီးပွားရေးအခွင့်အလမ်းနဲ့မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်း စားမှုတွေအပေါ် အခြေခံပြီး နီးနီးကပ်ကပ်ရင်းနှီးချစ်ကြည်ဆက်ဆံလာခဲ့ကြပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများတိုးချဲ့ဖွင့်လှစ်ရေး၊နှစ်နိုင်ငံအစိုးရနှင့်တပ်မတော် ချစ်ကြည်ရေးခရီးအပြန်အလှန်လည်ပတ်ရေး၊ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး၊ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် အရပ်ဘက်စစ်ဘက် ပညာတော်သင်များထပ်မံစေလွှတ်ရေးနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်ရေး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊နိုင်ငံတကာနှင့်ဒေသတွင်းဆက်ဆံရေးအခြေအနေများကိုပိုမိုကောင်း မွန်အောင်လည်း ပူးပေါင်းဆောင်ရွက်သွား​ရေး၊နှစ်နိုင်ငံပြည်သူများကြား ရင်းနှီးချစ်ကြည်စွာကူးလူးဆက်သွယ်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“မိမိအနေနဲ့ ရုရှားနိုင်ငံခရီးစဉ်တွေမှာ မြန်မာနိုင်ငံမှာလိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးကြဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အခုဆိုရင် စပြီးအကောင် အထည်ဖော်ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ မကြာခင် အခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here