လျှပ်စစ်ကားအားသွင်းရုံများတွင် ဆိုလာစွမ်းအင် အသုံးပြုမည်

0
262

လျှပ်စစ်မော်တော်ယာဉ် (EV) အားသွင်းရုံများတွင် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်(Solar)ကနေ ရယူသုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station တွေ တည်ဆောက်ပြီး အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်သည်။

လက်ရှိအချိန်ကာလတွင် ထွက်ရှိလာမည့် ဓာတ်အားတွေကို MOEE က ချမှတ်ထားသည့် Standard Operation Procedure (SOP) တွေအတိုင်း နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပို့လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

EV Car Charging Station တွင် အသုံးပြုမည့် EV Charger 60KW (၁၀) စုံနှင့် 200 kw (၂)စုံ ရောက်ရှိထားပြီးဖြစ်ကာ အဆိုပါ အားသွင်းစက်တွေကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ အမှတ် (၃) တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်ဈေးများတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် အားသွင်းရုံ (၇) ခု၊ နေပြည်တော်တွင် (၇) ခု အပါအဝင် EV ကား အားသွင်းရုံ (၃၈) ခုတွင် အားသွင်းစက် (၅၁) လုံး တပ်ဆင်ရန် ခွင့်ပြုချက် ရရှိထားကြောင်း သိရသည်။

Photo – NPTDC


LEAVE A REPLY

Please enter your comment!
Please enter your name here