မုံရွာမြို့တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက် ကလေး ၂ ဦးနှင့် လူကြီး ၂ ဦး ဒဏ်ရာရ

0
206

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦးနှင့် လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မုံရွာမြို့ရှောင်လမ်း၊ နွားခြံကုန်းအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က အုတ်သယ်ယာဉ်တစ်စီး ဟန်ချက်ပျက်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီအုတ်သယ်ယာဉ်က ဝိတ်များတော့ မနိုင်ပဲ ဟန်ချက်ပျက်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်သွားတာပါ၊ မစိုးရိမ်ရ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

အဆိုပါအုတ်သယ်ယာဉ် တိမ်းမှောက်မှုကြောင့် လူကြီးအမျိုးသား (၂)‌ဦးနှင့် ကလေး(၂)ဦး အသေးစားဒဏ်ရာရရှိခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှ မုံရွာဆေးရုံကြီး OPD ဌာန သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here