ရှီကျင့်ဖျင်ကိုဆက်သွယ်ပြီး မိုးပျံပူဖောင်းကိစ္စ အသေအချာဆွေးနွေးမည်ဟု ဘိုင်ဒင်ပြော

0
200

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇

တရုတ်၏ နည်းပညာမြင့် ထောက်လှမ်းရေး မိုးပျံပူဖောင်းအား အမေရိကန်လေတပ်က ပစ်ချခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အဆိုပါကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အသေအချာဆွေးနွေးသွားမည်ဟု ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“သမ္မတ ရှီကျင့်ဖျင်နဲ့ ပြောခွင့်ရဖို့ မျှော်လင့်ပါတယ်၊ ငါတို့ ဒီကိစ္စရပ်တွေ ဖြစ်လာရခြင်းရဲ့ တကယ့်အကြောင်းပြချက်ရအောင်ရှာသွားမှာပါ” ဟု ဘိုင်ဒင်က လူထုရှေ့မှောက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဘိုင်ဒင်က အမေရိကသည် တရုတ်နှင့် စစ်အေးတိုက်ပွဲအသစ် စတင်ရန် ပြုလုပ်နေခြင်း မဟုတ်ကြောင်း အလေးပေးပြောကြားကာ မိုးပျံပူဖောင်းကို ဖျက်ချခဲ့သည့်အတွက်လည်း တောင်းပန်သွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

အမေရိကသည် ၎င်း၏ ထိပ်တန်းလျှို့ဝှက်ထားသော နျူလက်နက်များထားရှိရာ နေရာများပေါ်တွင် ပျံသန်းနေသော တရုတ်နိုင်ငံမှ အဖြူရောင်မိုးပျံပူဖောင်းကြီးကို စတင်သတိထားမိချိန်မှစ၍ သတိအနေအထားဖြင့် စောင့်ကြည့်နေခဲ့ပြီး အခြားသော အမည်မသိ ယာဉ်ပျံသုံးခု ကိုလည်း ပစ်ချခဲ့ကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here