ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထား

0
275

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီမှ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုခြင်းကြောင့် ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားကြောင်း UEC ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပါတီကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လျှောက်ထားသည့်ပါတီ ၅ ပါတီရှိပြီး ယင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ဖြစ်သည်။

နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြောင့် ထုတ်ပြန်ထားသည့် ဥပဒေသစ်အရ နိုင်ငံရေးပါတီများအနေဖြင့် ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း ၆၀ အတွင်းပြန်လည်မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားဘူးဆိုပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။

photo – Pa-O National Organization


LEAVE A REPLY

Please enter your comment!
Please enter your name here