အန္တာတိကရှိ ပင်လယ်ရေခဲများ စံချိန်တင် အရည်ပျော်လာနေဟု သိပ္ပံပညာရှင်များ သတိပေး

0
189

အန္တာတိက သမုဒ္ဒရာအတွင်း ရေခဲဖုံးလွှမ်းနေသော ဧရိယာသည် အရည်ပျော်လာခြင်းကြောင့် စံချိန်တင် နည်းပါးလာပြီး ထူထပ်သော ရေခဲပြင်များကို ပိုပူသော အပူချိန်များနှင့် ပိုမိုထိတွေ့လာစေနေကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။

အန္တာတိက သမုဒ္ဒရာရှိ ပင်လယ်ရေခဲများသည် အရည်ပျော်လာခြင်းကြောင့် ယခုအပတ်အတွင်း စတုရန်းကီလိုမီတာ ၁ ဒသမ ၉၂ သန်းအထိ ကျဆင်းသွားပြီး မှတ်တမ်းစတင်ခဲ့သော ၁၉၇၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ပမာဏဖြစ်လာသည်ဟု အမေရိကန်နိုင်ငံရှိ အမျိုးသား နှင်းနှင့်ရေခဲ ဒေတာစင်တာက ပြောကြားခဲ့သည်။

ပင်လယ်ရေခဲများသည် နဂိုကတည်းက သမုဒ္ဒရာရေပေါ်တွင် ပေါ်လောပေါ်နေသည့် အရာများဖြစ်သဖြင့် ၎င်းတို့အရည်ပျော်ခြင်းသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအပေါ် တိုက်ရိုက် သက်ရောက်ခြင်း မရှိပေ။

သို့ရာတွင် ပင်လယ်ရေခဲများ အရည်ပျော်ခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်မြှင့်ပေးနေသောကြောင့် ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေသည်။

ထို့ပြင် ရေခဲပြင်များကို ပင်လယ်ရေခဲများက ဝန်းရံထားသည့်အတွက် ၎င်းတို့၏ ပမဏနည်းပါးလာခြင်းသည် ရေခဲပြင်၏ အောက်ခြေပိုင်းများကို ပိုပူသော အပူချိန်နှင့် ထိတွေ့စေ၍ အရည်ပျော်မြန်စေကာ ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေနိုင်သည်။

ယခင်စံချိန်အဟောင်းမှာလည်း ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သောကြောင့် ပင်လယ်ရေခဲများ အရည်ပျော်ခြင်းသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်မားလာနေသည်ကို သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here