ချိန်ခါမဟုတ်မိုးရွာသွန်း၍ မင်္ဂလာတောင်ညွှန့်၊သင်္ဃန်းကျွန်းနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် သစ်ပင်များလဲကျ

0
253

ရန်ကုန်တိုင်းအတွင်း၌ ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့)မွန်းတည့်ပိုင်းမှစတင်ကာ ချိန်ခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး နေရာအချို့တွင် မိုးသီးကြွေကျခြင်းများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွှန့်၊သင်္ဃန်းကျွန်းနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင်လည်း သစ်ပင်များလဲကျမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နေ့လည် ၁ နာရီ ၈ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊သမိန်ဗရမ်းလမ်းပေါ်တွင် သစ်ပင်လဲကျခဲ့၍ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ရှင်း လင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊သမိန်ဗရမ်းလမ်းရှိ CNG ဓာတ်ငွေ့အရောင်းဆိုင်အတွင်း၌ သစ်ပင်လဲကျခဲ့၍ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းပေးခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ(၂၉)ရပ်ကွက်၊မင်းဒင်(၈)လမ်းပေါ်တွင်လည်း နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်လဲကျကာလမ်းပိတ်ဆို့နေသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ(၂၉)ရပ်ကွက်၊ကမ်းနားလမ်းတွင် လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျကာ လမ်းဘေးတွင်ရပ်ထားသော Honda ကားပေါ်သို့ပိမိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တော်ဝင်လမ်းတွင် သစ်ပင်လဲကျနေသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

သစ်ပင်လဲကျမှုဖြစ်စဥ်များ၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here