မင်းသားကြီး ဘရုစ်ဝယ်လက်စ် ကုသ၍မရသော အသိဉာဏ်ချို့ယွင်းမှုရောဂါ ခံစားနေရ

0
182

နာမည်ကျော် ဟောလိဝုဒ် အက်ရှင်မင်းသားကြီး ဘရုစ်ဝယ်လက်စ်သည် ကုသ၍ မရသော အသိဉာဏ်ချို့ယွင်းမှုရောဂါကို ခံစားနေရကြောင်း သူ၏မိသားစုဝင်များက ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းသည် အသက် ၆၀ အရွယ် မင်းသားကြီး ဘရုစ်သည် ဒီမန်းရှား (ခေါ်) ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စကားမပြောနိုင်သောရောဂါမှာ ပိုမိုပြင်းထန်လာသည့်အတွက် သရုပ်ဆောင်လောကမှ အနားယူကြောင်းကြေညာခဲ့ပြီးနောက် လပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

“၂၀၂၂ ခုနှစ် နွေဦးရာသီမှာ ဘရုစ်က ဒီမန်းရှား ရောဂါကို ခံစားနေရတယ်လို့ ကျွန်တော်တို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူရဲ့အခြေအနေဟာ တိုးတက်ကောင်းမွန်လာပါတယ်။ အခုအခါ သူရဲ့ ရောဂါကို ပိုပြီးတိတိကျကျ သိရှိခဲ့ပါပြီ။ ဦးနှောက်အရှေ့ပိုင်း အသိဉာဏ်ချို့ယွင်းမှုလို့ ခေါ်ပါတယ်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါရောဂါကြောင့် ဘရုစ်သည် လူအများနှင့် ပြောဆိုဆက်ဆံရာ၌ အခက်တွေ့နေသည့်အပြင် လက်ရှိတွင် အဆိုပါရောဂါအတွက် ကုသရန် နည်းလမ်းများ မတွေ့ရှိသေးကြောင်း သူ၏မိသားစုများက ပြောကြားထားသည်။

ထိုတရားဝင်ကြေညာချက်ကို ဘရုစ်၏ လက်ရှိဇနီး၊ ဇနီးဟောင်းနှင့် သားသမီး သုံးယောက်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘရုစ်သည် “Die Hard”, “Unbreakable”, “Red” နှင့် “Plup Fiction” အစရှိသော အက်ရှင်ဇာတ်ကားကောင်းများကို ရိုက်ကူးခဲ့သော ဟောလိဝုဒ်အကျော်အမော်တစ်ဦးဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here