သန်လျင်မြိုနယ်ရှိ သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းတွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းအား အက်တမ် (ATOM) မှလှူဒါန်း

0
175

ရန်ကုန်တိုင်း၊သန်လျင်မြိုနယ်ရှိ ကျောင်းသား၊ကျောင်းသူ ၁၁၀၀ ကျော်တက်ရောက်ပညာသင်ကြားနေသည့် သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းတွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းအား အက်တမ် (ATOM) မှ ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့) တွင် လှူဒါန်းခဲ့သည်။

အဆိုပါ စာသင်ခန်းတွင် စွမ်းဆောင်ရည်မြင့်မားသည့် လက်ပ်တော့ပ်များ၊ကွန်ပျူတာဆော့ဖ်ဝဲ၊အများသုံးအင်တာနက်စက်များနှင့်အခြားနည်းပညာသုံးပစ္စည်းများပါဝင်ကာ ကွန်ပျူတာသင်တန်းများ၊ အင်တာနက်အသုံးပြုခြင်းဆိုင်ရာနည်းလမ်းများနှင့်အွန်လိုင်းပေါ်တွင် လုံခြုံစွာနေထိုင်အသုံးပြုနည်းများအား ATOM မှဝန်ထမ်းများက ကူညီပေးသွားမည်ဖြစ်သည်။

ထိုပြင် အက်တမ် (ATOM) မှ ရန်ကုန်မြို့၊လှိုင်သာယာမြိုနယ်ရှိ အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း၊ မန္တလေးတိုင်း၊ကျောက်ဆည်မြိုနယ်ရှိ သောကြာကြယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နေပြည်တော်မြို့၊လယ်ဝေးမြိုနယ်ရှိ စမတောင်မိဘမဲ့ကလေးဂေဟာကျောင်းများတွင်လည်း ယင်း စာသင်ခန်းများကို လာမည့် ခြောက်လအတွင်း ထပ်မံ မတည်လှူဒါန်းသွားမည်ဖြစ်သည်။

ယင်း ကျောင်း ၄ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၅၈၀၀ ကျော်သည် အက်တမ် (ATOM) မှ မတည်လှူဒါန်းထားသည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများကိုအသုံးပြု၍ နည်းပညာကျွမ်းကျင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း”လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အက်တမ် (ATOM) မှ ငွေကျပ်သိန်းပေါင်း (၅၈,၃၁၉,၂၀၀) အကုန်အကျခံကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တိုရဲ့ သတင်းအချက်အလက်နည်းပညာသုံးပစ္စည်းတွေပါတဲ့ စာသင်ခန်းတွေမတည်လှူဒါန်းခြင်းက ပညာရေးကဏ္ဍတိုးတက်စေဖိုဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ပြီးတော့ ထောက်ပံ့မှုတွေလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်စေဖို့ နည်းပညာဆိုင်ရာ ပညာရေးပိုင်းကို မြှင့်တင်ပေးပြီး အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာဖြစ်ပါတယ်”ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောသည်။

အက်တမ် (ATOM) မှ မတည်လှူဒါန်းသည့် စာသင်ခန်းတိုင်းတွင် စွမ်းဆောင်ရည်မြင့်မားသည့် လက်ပ်တော့ ၁၀ လုံး၊ကွန်ပျူတာသုံး mouse ၁၀ လုံး၊ကွန်ပျူတာသုံးပုံနှိပ်စက်နှင့်မိတ္တူစက် ၁ လုံး၊လျှပ်စစ်ဗိုအားထိန်းစက် ၁ လုံးနှင့်ငွေပေးချေပြီး အင်တာနက်အသုံးပြုနိုင်သော အက်တမ် (ATOM) အများသုံးကြိုးမဲ့ အင်တာနက်စက် ၂ လုံးတို့ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here