ဂျပန်နိုင်ငံ၏ H3 အာကာသ ဒုံးပျံအသစ် လွှတ်တင်မှု မအောင်မြင်

0
221

ဂျပန်နိုင်ငံ၏ H3 အာကာသဒုံးပျံအသစ်သည် ၎င်း၏ ပင်မအင်ဂျင်ကို အောင်မြင်စွာ စက်နှိုးနိုင်ခဲ့သော်လည်း ကျန်အဟုန်မြှင့် အင်ဂျင်နှစ်ခုကိုမှု စက်နှိုး၍မရခဲ့သောကြောင့် လွှတ်တင်မှု မအောင်မြင်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

H3 အာကာသဒုံးပျံကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမာ စီရင်စုရှိ တာနဲဂါရှီမာကျွန်းတွင် ဆောက်လုပ်ထားသော တာနဲဂါရှီမာ အာကာသစင်တာ၏ ဒုံးပျံလွှတ်တင်သည့်နေရာ၌ ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့တွင် တိုက်ရိုက်ထုတ်လွှင့်ကာ စမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဒုံးပျံ၏ ပင်မအင်ဂျင် SE-9 ကို အောင်မြင်စွာ စက်နှိုးနိုင်ခဲ့သော်လည်း ကျန်အဟုန်မြှင့် အင်ဂျင်နှစ်ခုဖြစ်သည့် SRB-3s အား စက်နှိုးရန်အတွက် လျှပ်စစ်အချက်ပြမှု ပေးပို့ရာတွင် မူမမှန်သော ဖြစ်ရပ်တစ်ခုကြောင့် ပေးပို့မှုရပ်တန့်သွားသဖြင့် ယခုကဲ့သို့ လွှတ်တင်မှုကျရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဂျပန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (ဂျက်ခ်စာ)၏ မစ်ရှင်မန်နေဂျာဖြစ်သူ မာဆာရှီ အိုကာဒါက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ပြဿနာမှာ အင်ဂျင်မဟုတ်ဘဲ လျှပ်စစ်စနစ်ကြောင့်သာ ဖြစ်နိုင်သည်ဟု သူကဆိုသည်။

လွှတ်တင်မှုသာ အောင်မြင်ခဲ့ပါက H3 သည် ဂျပန်နိုင်ငံ၏ ALOS-3 မြေပြင်လေ့လာရေး ဂြိုလ်တုအား ကမ္ဘာ့ပတ်လမ်းပေါ်သို့ သယ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါ မြေပြင်လေ့လာရေးဂြိုလ်တုသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရာ၌ ပုံဖော်ကြည့်ရာတွင် အဓိက လိုအပ်သည့် ကိရိယာဖြစ်ပြီး ၎င်းတွင် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များကို ထောက်လှမ်းရန် ဒီဇိုင်းရေးဆွဲထားသော အာရုံခံကိရိယာကိုပါ တပ်ဆင်ထားသည်ဟု ဂျက်ခ်စာ က ပြောခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here