မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ မိုးညိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့

0
220

တိုင်းနှင့်ပြည်နယ်အချို့၌ ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့)တွင် ချိန်ခါမဟုတ်မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသီးကြွေကျခြင်းနှင့်လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်း၊မိုးညိုမြို့နယ်အတွင်း၌လည်း မိုး သည်းထန်စွာရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် မိုးညိုမြို့နယ်အတွင်းရှိ မယင်းငယ်၊ကုန်းကြီး၊ရှားတောကျွန်းနှင့်ရေအိုးစဉ်ကျေးရွာများရှိ လူနေအိမ်များမှာ လေပြင်းတိုက်ခတ်မှုများကြောင့် အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် မိုးညိုမြို့နယ်မီးသတ်စခန်း၊ရေကင်းနယ်မြေမီး သတ်စခန်း၊ဆင်မနိုင်နယ်မြေမီးသတ်စခန်းနှင့်နတ္တလင်းမြို့နယ်၊တာပေါ်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူ မှုကူညီရေးအသင်းဝင်များက ကူညီပေးလျက်ရှိကြောင်း သိရသည်။

“အမိုးတွေ ဘေးအကာတွေပျက်စီးတဲ့အိမ်တွေလည်းရှိတယ် နောက်ပြီး သိပ်မကောင်းတော့တဲ့အိမ်တွေကတော့ လေတိုက်တဲ့အရှိန်နဲ့လုံးဝပျက်စီးတာတွေလည်းရှိတယ် ပျက်စီးသွားတဲ့အိမ်တွေမှာနေတဲ့လူတွေကို တာဝန်ရှိတဲ့လူတွေပို့ခိုင်းတဲ့နေရာတွေ ပို့ပေးထားပါတယ်”ဟု မိုးညိုမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here