နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုကို ဘဏ်စနစ်ဖြင့်သာဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌ မှ တရုတ်လုပ်ငန်းရှင်များအား တိုက်တွန်း

0
192

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်ရာတွင် ဘဏ်စနစ်ဖြင့်သာ ငွေပေးချေကြရန် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်လုပ်ငန်းရှင်များအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ယူနန် – မြန်မာစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်ကာလအတွင်း လျော့နည်းသွားခဲ့သည့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှုများ၊ ကုန်သွယ်မှုများကိုပါ ပြန်လည်မြှင့်တင်ရမည့် အချိန်အခါဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးစေလိုကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ယူနန်ပြည်နယ် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်  Dr. Li Chenyang ကလည်း ယူနန် – မြန်မာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်၊ ယူနန်လုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်လိုပြီး လယ်ယာလုပ်ငန်း၊ လျှပ်စစ်၊ အခြေခံအဆောက်အအုံ၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းများကူးသန်းရောင်းဝယ်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးသည်လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာ – တရုတ်နယ်စပ်ကုန်သွယ် ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံကျော်ရရှိထားပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၉၉) ဘီလီယံရှိကာ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်း (၄၀၀) ဖိုးခန့် ပြန်လည်တင်သွင်းထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန သတင်းအချက်အလက်များအရ သိရသည်။

တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်မှုမှတဆင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက် ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စ ည်း၊ ငရုတ် အစရှိသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စ ည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှ င့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here