ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်ကမြန်မာသို့ ပေးပို့လာ​သော သဝဏ်လွှာ

0
201

မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ရုရှား-မြန်မာ ဆက်ဆံရေးသည် အမြင့်သို့တက်လှမ်းလျက်ရှိနေကာ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနှင့်ကုန်သွယ်ရေး၊စီးပွား ရေး၊တပ်မတော်ပိုင်း၊နည်းပညာ၊လူသားချင်းစာ နာထောက်ထားမှုနှင့်အခြားနယ်ပယ်များတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ၌ သိသာထင်ရှားစွာတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့​ကြောင်း၊

စစ်မှန်သော သာတူညီမျှမှုနှင့်အပြည်ပြည်ဆိုင်ရာဥပဒေများကိုအခြေခံသည့် တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းတစ်ရပ်တည်ဆောက်ရေးအတွက် ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် အတူတကွရပ်တည်လျက်ရှိ​ကြောင်း၊

မိမိတို့၏ ပူးပေါင်းအားထုတ်မှုများဖြင့် နယ်ပယ်စုံတွင် အပြုသဘောဆောင်သော နှစ်နိုင်ငံထိတွေ့ ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်မည်ဟု ယုံကြည်​ကြောင်း၊

ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ကို ယုံကြည်ပါ​ကြောင်း၊

အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့်မြန်မာနိုင်ငံသားများအားလုံး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း သဝဏ်လွှာတွင်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here