တိုင်းရင်းဆေးဖော်စပ်ရန် သတ်၍သိုလှောင်ထားသော ကြောင်သေအကောင် ၂,၀၀၀ ကို ဗီယက်နမ်ရဲများ ရှာဖွေတွေ့ရှိ

0
200

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၇

ဗီယက်နမ်ရဲများသည် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသော ကြောင်သေအကောင် နှစ်ထောင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။

ကြောင်များ၏ အလောင်းကို မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၊ ဒေါင်တပ်ပြည်နယ်ရှိ သားသတ်ရုံတွင် အခြားသက်ရှိ တိရစ္ဆာန်ပေါင်း ၄၈၀ နှင့်အတူ ကြာသပတေးနေ့တွင် တွေ့ရှိခဲ့ကြောင်း တရားဝင် ပြည်နယ်သတင်းစာက ဖော်ပြထားသည်။

ကြောင်များကို အအေးခန်းထဲတွင် သိုလှောင်ထားပြီး ဗီယက်နမ်မြောက်ပိုင်းသို့ ပို့ဆောင်ရန် စီစဉ်ထားသည်ဟုလည်း ယူဆရသည်။ ဗီယက်နမ်အချို့က ကြောင်အရိုးများမှ ထုတ်ယူ၍ရရှိလာသော အဆီအနှစ်သည် ပန်းနာရင်ကျပ်နှင့် အရိုးပွရောဂါကဲ့သို့သော ရောဂါများကိုကုသရာတွင် အသုံးဝင်သည်ဟု ယုံကြည်နေကြသည်။

ဗီယက်နမ်တွင် ခွေးနှင့်ကြောင် စားသုံးမှုကို တရားဝင်ခွင့်ပြုထားသော်လည်း သတ်ဖြတ်ခွင့်ဆိုင်ရာနှင့် တိရစ္ဆာန်များ၏ မူလဇာတ်မြစ်ကို ဖော်ပြထားသည့် လက်မှတ်များကို ပြသရန်လိုအပ်သည်။

ဒေါင်တပ်ရှိ သားသတ်ရုံသည် တိရစ္ဆာန် သတ်ဖြတ်ရန်အတွက် ခွင့်ပြုထားသည့် စာရွက်စာတမ်းများကို ထုတ်ပေးနိုင်သည့်အပြင် မူလဇာစ်မြစ်ကိုပါ အသေးစိတ် ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။

ယခုအထိ ထိုအမှုနှင့် ပတ်သတ်၍ မည်သူ့ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိသေးပေ။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here