မြူးနစ်လုံခြုံရေး ညီလာခံဖွင့်ပွဲတွင် အကူအညီများ အမြန်ပေးပို့ရန် ဇလန်းစကီး တောင်းဆို

0
134

မြူးနစ်၊ ဖေဖော်ဝါရီ ၁၇

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့တွင် ကျင်းပခဲ့သော မြူးနစ်လုံခြုံရေး ညီလာခံဖွင့်ပွဲတွင် အကူအညီများကို အမြန်ပေးပို့ရန် ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်သည်လည်း အရေးအခင်းစတင်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မရောက်မီ အရေးကြီးသောတင့်ကားများ ပေးပို့ရန် မဟာမိတ်များအား တွန်းအားပေးခဲ့သည်။

မဟာမိတ်နိုင်ငံများသည် အရေးခင်းစတင်ချိန်မှစ၍ ယူကရိန်းသို့ လက်နက်မျိုးစုံကို ပေးပို့ခဲ့သည့်အပြင် ပိုမိုထောက်ပံ့သွားရန် ကတိပြုထားသော်လည်း ကိယက်ဗ်သည် ရုရှား၏ ပြင်းထန်လှသော ထိုးစစ်ဆင်မှုအသစ်များကို ခုခံရာ၌ အရေးတကြီးလိုအပ်မည့် ထောက်ပံ့ရေးပစ္စည်းများ နှေးကွေးစွာရောက်ရှိလာမည်ကို စိုးရိမ်နေသည်။

“ကျွန်တော်တို့ မြန်မြန်လုပ်ဖို့ လိုနေတယ်။ ရုရှားရဲ့ ထိုးစစ်အသစ်တွေကို ခုခံဖို့ ငါတို့ သဘောတူထားတွေကို အမြန်အကောင်ထည်ဖော်ရမယ်၊ အကူအညီတွေ မြန်မြန်ပေးပို့ရမယ်၊ ဆုံးဖြတ်ချက်တွေ မြန်မြန်ချရမယ်” ဟု ဇလန်းစကီးက ညီလာခံအစတွင် အွန်လိုင်းဗီဒီယိုကောမှတစ်ဆင့် ပြောကြားခဲ့သည်။

လူ့အသက်များကို ရင်းထားရသည့်အတွက် အခြားရွေးချယ်စရာ နည်းလမ်းများ မရှိဟုလည်း ဇလန်းစကီးက‌ ပြောခဲ့သည်။

အဆိုပါ မြူးနစ်ညီလာခံကို ရုရှား-ယူကရိန်း အရေးအခင်း၏ နှစ်ပတ်လည်နေ့မတိုင်မီ ရက်ပိုင်းအလိုတွင် ကျင်းပနေပြီး အမေရိက၊ ဥရောပနိုင်ငံများနှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း တစ်ရာနီးပါးမှ နိုင်ငံရေးသမားများနှင့် လုံခြုံရေး ကျွမ်းကျင်သူများ၊ တက်ရောက်နေကြောင်း သိရသည်။

Source: CNA
Photo :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here