သံဃာတော်နှင့်သီလရှင်အပါး ၂၀၀၀ ကျော်ဝင်ရောက်ဖြေဆိုမည့် သတ္တမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲအား ဟိုပုံးမြို့နယ်၌ကျင်းပမည်

0
131

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပရိယတ္တိပါလကစာမေးပွဲအား ဟိုပုံးမြို့နယ်ရှိ သံဃာတော်များကကြီးမှူး၍ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ၈ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကာ ဟိုပုံး၊တောင်ကြီး၊ဆီဆိုင်၊အောင်ပန်း၊ကျောက်တလုံးကြီး၊ပင်းတယ၊ပင်လုံ၊မိုးနဲနှင့်ညောင်ရွှေမြို့နယ်တို့မှ ရဟန်း၊သာမဏေနှင့်သီလရှင်များဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်သည်။

ဓမ္မာစရိယတန်းတွင် ရဟန်း ၂၈ ပါး၊သာမဏေ ၁ ပါး၊သီလရှင် ၂ ပါး၊ပထမကြီးတန်းတွင် ရဟန်း ၁၂ ပါး၊သီလရှင် ၁ ပါး၊ပထမလတ်တန်းတွင် ရဟန်း ၂ ပါး၊သာမဏေ ၁၇ ပါး၊သီလရှင် ၁ ပါး၊ပထမငယ်တန်းတွင် ရဟန်း ၅ ပါး၊ သာမ‌ဏေ ၅၅ ပါး၊သီလရှင် ၁၇ ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်သည်။

ထို့ပြင် အခြေပြုမူလတန်းတွင် ရဟန်း ၄ ပါး၊သာမဏေ ၂၀၆ ပါး၊သီလရှင် ၁၈ ပါး၊မူလတန်းတွင် သာမဏေ ၂၄၀ ပါး၊သီလရှင် ၁၈ ပါး၊သေခီယတန်းတွင် သာမဏေ ၃၄၄ ပါး၊သီလရှင် ၄၁ ပါးနှင့်ပါဒကတန်းတွင် သာမဏေ ၆၃၀ ပါး၊ သီလရှင် ၆၁ ပါး(စုစုပေါင်း ၂၁၆၉ ပါး)ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here