လုပ်ငန်းဗီဇာ(Business e- Visa)ဖြင့်လာရောက်သည့် ပြည်ပနိုင်ငံသားများ Online မှတဆင့် နေထိုင်ခွင့်သက်တမ်းတိုးနိုင်

0
197

မြန်မာနိုင်ငံသို့ လုပ်ငန်းဗီဇာ(Business e-Visa)ဖြင့်လာရောက်သည့် ပြည်ပနိုင်ငံသားများ Online မှတဆင့် နေထိုင်ခွင့်သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံသားများ၏ နေထိုင်ခွင့်သက်တမ်းတိုးခြင်း(stay Extension)နှင့်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa)တို့ကို e-stay Extension website တွင်သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန်၊ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုရန်ရည်ရွယ်၍ e-visa စနစ်အား ၂၀၁၄ ခုနှစ်၊စက်တင်ဘာ ၁ ရက်မှစတင်၍ ကမ္ဘာလှည့်ဗီဇာ(Tourist Visa)နှင့်လုပ်ငန်းဗီဇာ(Business Visa)နှစ်မျိုးအား အီလက်ထရောနစ်စနစ်ဖြင့် ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင် သံတမန်/သံအဖွဲ့ဝင်ဗီဇာ၊ကမ္ဘာလှည့်ဗီဇာ၊ဖြတ်သန်းဗီဇာ၊စာနယ်ဇင်း/မီဒီယာဗီဇာ၊အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ၊အလုပ်သမားဗီဇာ၊လုပ်ငန်းဗီဇာ၊လူမှုရေးဗီဇာ၊သာသနာရေးဗီဇာ၊နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ပညာရေးဗီဇာ၊ယာဉ်အမှုထမ်းဗီဇာ၊သံတမန်၏ဧည့်သည်များဗီဇာ၊သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာ ၁၄ မျိုးအား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here