မုံရွာမြို့တွင် ဆိုင်ကယ် ၂ စီး မျက်နှာခြင်းဆိုင် တိုက်မိမှုကြောင့် စီးနင်းလာသူ ၂ ‌ဦးလုံးသေဆုံး

0
283

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဆိုင်ကယ် ၂ စီး မျက်နှာခြင်းဆိုင် တိုက်မိမှုကြောင့် စီးနင်းလာသူ ၂ ‌ဦးလုံးသေဆုံးသွားကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) က မုံရွာမြို့၊ပြည်ထောင်စုလမ်း ဂေါက်ကွင်းအနီးတွင် နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က အသက် (၄၀) ကျော်အမျိုးသားတစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် လူငယ်တစ်ဦး ‌မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကိုဖုန်းဆက်အကြောင်းကြားလာတယ်၊ အရှိန်များပြီး တိုက်မိတယ်လို့ ယူဆရပါတယ်၊ ဒဏ်ရာပြင်းထန်တယ်၊ ဆေးရုံမှာ ကုသရင်း ၂ ‌ဦးလုံး သေဆုံးသွားတာပါ” ဟု မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့မှ တာ၀န်ရှိသူတစ်ဦးကပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ဆိုင်ကယ်နှစ်စီးတိုက်မိမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ကွေ့ကြီးအရန်မီးသတ်လူမှုကူညီရေးအသင်းယာဥ်နှင့် Monywa Rescue ကယ်ဆယ်ရေးယာဉ်တို့ဖြင့် လိုအပ်သည်များပြုစုဆောင်ရွက်ပေးခဲ့ပြီး မုံရွာဆေးရုံကြီး OPD ဌာန သို့ ပို့ဆောင်ကူညီခဲ့သော်လည်း ၂ ဦးလုံး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ – မုံရွာမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here