ကော့သောင်းမြို့ရှိ မလိဝမ်းရေတံခွန်နှင့်ကျွန်းများကို ထိုင်းနိုင်ငံသားများ လည်ပတ်ခွင့်ပြုရန် မြန်မာ ထိုင်း နှစ်နိုင်ငံ ဆွေးနွေး

0
204

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ ရနောင်းမြို့မှ တာဝန်ရှိသူများသည် နစက တာ၀န်ရှိသူများနှင့် ကော့သောင်းမြို့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအသင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က ကော့သောင်းမြို့ရှိ ဗစ်တိုးရီးယားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုင်းဘက်က ရနောင်းမြို့ ဒုတိယအုပ်ချုပ်ရေးမှူး၊ အမျိုးသားကာကွယ်ရေးကောလိပ်ညွှန်ကြားရေးမှူး၊ ရနောင်းလူ၀င်မှုကြီးကြပ်ရေးအတွင်းရေးမှုး၊ ရနောင်းခရီးသွားလုပ်ငန်းကောင်စီဥက္ကဌ၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကောင်စီ ဒုတိယဥက္ကဌ၊ ရနောင်းခရီးသွားမြှင့်တင်ရေးကောင်စီဥက္ကဌနှင့် မြန်မာဘက်က ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် နစက တာဝန်ရှိသူများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းဘက်မှ ကော့သောင်းမြို့တွင်ရှိသည့် မလိဝမ်း ရေတံခွန်နှင့် ကျွန်းများကို ထိုင်းနိုင်ငံသားများ လည်ပတ်ခွင့်ပြုရန်နှင့် ရေငုပ်သည့် deep diving ပြုလုပ်ခြင်းများ ခွင့်ပြုပေးရန်တောင်းဆိုခဲ့သည်ဟု သိရသည်။

နစက ဘက်မှလည်း ခရီးသွားများကို ကူညီရန် လေ့ကျင်မှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးတွဲလေ့ကျင့်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

Photo- Professional Guide Association of Phuket


LEAVE A REPLY

Please enter your comment!
Please enter your name here