EPS လုပ်သားများ ပတ်စ်ပို့ရရန် အလုပ်သမားဌာနကို အသနားခံစာတင်

0
201

နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် စာမေးပွဲအောင်ပြီး ကိုရီးယားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်မည့် EPS လုပ်သားများအနေဖြင့် အလုပ်သမားဌာနသို့ သွားရောက်၍ အသနားခံစာတင်ခဲ့ကြောင်း သိရသည်။

ပတ်စ်ပို့စာအုပ်ရရှိရေးအတွက် ကိုရီးယားကိုသွားရောက်မည့် EPS လုပ်သားတွေသည် ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင်ရှိသည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်း)သို့ သွားရောက်ပြီး အသနားခံစာတင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က စာမေးပွဲအောင်ပြီးပြီ။သွားရမယ့်ရက်ကလည်းသိပြီးပြီ။ဒါပေမယ့် ပတ်စ်ပို့ရုံးတွေက ပိတ်ထားတော့ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ အဓိက ပတ်စ်ပို့မရှိတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ အလုပ်သမားရုံးကိုသွားပြီးတော့ ပတ်စ်ပို့စာအုပ်ရရှိနိုင်ရေးအတွက် အခုလိုအသနားခံစာတင်တာဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းတော့မပြန်သေးဘူး”ဟု EPS စာမေးပွဲဖြေဆိုအောင်မြင်ထားသူ ကိုလင်းဆက်နိုင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပတ်စ်ပို့ရုံးတွေကို ပိတ်ထားပြီး ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ အသစ်လုပ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားသည့်အတွက် ပြည်ပထွက်ခွာလိုသူတွေအနေဖြင့် အခက်အခဲဖြစ်နေဖြင်းဖြစ်သည်။

လတ်တလောတွင် ဗုဒ္ဓဂါယာသို့ သွားရောက်မည့်သူများနှင့် MOU လုပ်သားတွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here