မဲဆောက် ကားတိမ်းမှောက်မှု ဖြစ်စဥ်၌ သေဆုံးခဲ့သူ ၃ ဦးအနက် ၂ ဦးအတွက် အာမခံနစ်နာကြေးလာရောက်ထုတ်ယူ

0
133

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသည့် မြန်မာ MoU အလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်မှုဖြစ်စဥ်တွင် သေဆုံးခဲ့သူ ၃ ဦးအနက် ၂ ဦးအတွက် အာမခံနစ်နာကြေးများအား ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ယူခဲ့ကြကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမားများလိုက်ပါလာသည့် ကားသည် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ၂၉ ရက်ည ၉ နာရီခန့်က မဲဆောက်မြို့ရှိ မဲဆောက်-ဘန်ကောက်လမ်းတွင် အရှိန်မထိန်းနိုင်ပဲလမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် MoU အလုပ်သမား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားလည်းရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအစိုးရမှ သေဆုံးသူ ၃ ဦးအတွက် တစ်ဦးလျင် မြန်မာငွေကျပ်သိန်း ၁၀၀၀ ခန့်စီအား အာမခံနစ်နာကြေးအဖြစ် ယခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၃ ဦးအနက် ပအိုဝ်းတိုင်းရင်းသား ၂ ဦးအတွက်ရရှိသည့် အာမခံနစ်နာကြေးများအား ၎င်းတို့၏မိသားစုဝင်များက မဲဆောက်မြို့သို့သွားရောက်လက်ခံရယူခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here