အောက်ဆီဂျင်ထုတ်နိုင်သည့် သန္တာကျောက်များအား ခွာယူရောင်းချဝယ်ယူခြင်းများ အားမ​ပေးသင့်

0
288

ငွေဆောင်ကမ်းခြေတွင် coral(သန္တာကျောက်တန်း)ပြုန်းတီးမှုများဖြစ်ပေါ်နေသဖြင့် သန္တာ ကျောက်များကို ခွာယူရောင်းချဝယ်ယူခြင်းမပြုကြရန် Ngwe Saung Princess Boat Trip မှမေတ္တာရပ်ခံထားသည်။

ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သူများ၊ငွေဆောင်ကမ်းခြေရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ငွေဆောင်ဒေသခံများ၊ Speed Boat လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများအား မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

လူသားတိူ့ရူနေ​သော ကမ္ဘာမြေ​ပေါ်ကအောက်ဆီဂျင် ၏ ၅၀ ရာခိုင်နူန်းမှာ သန္တာ​ကျောက်တန်းကထုတ်​ပေး​နေ​ကြောင်း သု​တေသနများကဆိုသည်။

သန္တာ​ကျောက်ခက်တို့သည် ရုပ်ကြွင်းလောင်စာများမှ ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်၏ သုံးပုံတစ်ပုံနီးပါးကိုလည်း စုပ်ယူ​ပေးသည်ဟု​လေ့လာ​တွေ့ရှိထားကြသည်။

သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းများကို မုန်တိုင်းတိုက်စားခြင်းမှ ကာကွယ်ပေးသလို သဘာပတ်ဝန်းကျင်မပျက်စီး​စေခြင်းတို့​ကြောင့် ဒေသခံပြည်သူများအတွက် အဆင်​ပြေ​အောင် ကူညီ​နေသည့်​ကျောက်တန်းများလည်းဖြစ်သည်။

“အခုလိုဖြစ်နေတယ်ဆိုတာကို ကျွန်မတို့ကမသိဘူးလေ အဲဒီတော့ရောက်တဲ့အချိန်မှာအမှတ်တရအနေနဲ့ဝယ်ဖြစ်သွားတာပါ။ နောက်ပိုင်း ကမ်းခြေတွေကိုသွားတဲ့အခါ မဝယ်မိအောင် သတိပြုပါမယ်။ ကမ်းခြေလာတဲ့လူတိုင်းအပြင် များများစားစားသိပြီး ထိန်းသိမ်းကာကွယ်နိုင်အောင် အသိပညာပေးတာတွေကို ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန်လုပ်စေချင်တယ်။ ဒါမှသာ သန္တာကျောက်တွေမပြန်းတီးအောင် ထိန်းသိမ်းရမယ်ဆိုတာလူတွေပိုသိလာမှာ”ဟု ငွေဆောင်ကမ်း ခြေသို့ သွားရောက်လည်ပတ်ခဲ့သည့် မဇူလိုင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here