အမေရိကနှင့်တရုတ်တို့သည်သံတမန်ရေးအရသာဆက်ဆံမည်ဖြစ်ပြီး စစ်ရေးအရဆက်ဆံမည်မဟုတ်ဟု အိမ်ဖြူတော်ပြော

0
165

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၈

ယခုလအစောပိုင်းက တရုတ်ထောက်လှမ်းရေးမီးပုံးပျံကို အမေရိက ဘက်မှပစ်ချလိုက်မှုကြောင့် တင်းမာမှုအနည်းငယ်ဖြစ်ခဲ့ကြပြီး နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးကို ဖွင့်လှစ်ထားသော်လည်း စစ်ရေးအရပတ်သက်မှုများကို ခေတ္တရပ်စဲထားဦးမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။

အိမ်ဖြူတော် နိုင်ငံတော် လုံခြုံရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျွန်ကာဘီကလည်း အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်မှ ၆ရက်အထိသွားရောက်ရန်ရည်ရွယ်ထားသည့် ၎င်း၏ပေကျင်းခရီးစဉ်သည် မီးပုံးပျံကိစ္စကြောင့် ယခုအချိန်၌ သွားရန်မသင့်တော်သေးကြောင်း ပြောကြားခဲ့သည်။

သို့သော်သမ္မတဂျိုးဘိုင်ဒင်ကမူ သမ္မတရှီနှင့် သင့်လျော်သည့်အချိန်၌ ဆုံချင်ကြောင်းပြောကြားခဲ့သည်။မီးပုံးပျံကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်လာခဲ့သော်လည်း အမေရိကနှင့်တရုတ်တို့ကြား၌ သံတမန်ဆက်ဆံရေးဆက်ရှိနေမည်ဖြစ်ကြောင်း ဂျွန်ကာဘီကပြောကြားခဲ့ပြီး စစ်ရေးအရဆက်ဆံမှုများကိုမူ ခေတ္တရပ်နားထားဉီးမည်ဟုဆိုသည်။

ကန်သမ္မတဘိုင်ဒင်ကမူ ကြာသပတေးနေ့ကပြောကြားခဲ့သောမိန့်ခွန်း၌ မီးပုံးပျံကိစ္စအား အဓိကထားပြောကြားခဲ့သော်လည်း အဆိုပါကိစ္စအတွက် ၎င်းအနေဖြင့်သမ္မတရှီနှင့်တွေ့ဆုံဆွေးနွေးကာ ပြဿနာအား ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်ဟုယူဆသည်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here