ကျောက်တော်တွင် စျေးဆိုင်ခန်းတစ်ခုမီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

0
140

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊မဟာမုနိကျေးရွာတွင် ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက စျေးဆိုင်ခန်းတစ်ခုမီးလောင်မှုဖြစ်ပွားပြီးအမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ကျောက်တော်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၉ နာရီကျော်ခန့်က ကျောက်တော်မြို့နယ်၊မဟာမုနိဘုရားကျေးရွာတွင် စျေးဆိုင်ခန်းတစ်ခုမီးလောင်ဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်၌ မီးလောင်မှုဖြစ်ပွားသည့် စျေးဆိုင်ခန်းအတွင်းအိပ်ပျော်နေသည့် အသက် (၃၀)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ မီး လောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“တခြားဆိုင်ခန်းတွေကိုမီးကူးစက်လောင်ကျွမ်းတာမရှိပါဘူး အဲဒီဆိုင်ခန်းတစ်ခုပဲလောင်သွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသွားသူ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားရသည့်အ ကြောင်းရင်းအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here