၂ နှစ်ကြာပိတ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ရှိ မူလတန်းကျောင်းပြန်လည်ဖွင့်လှစ်

0
130

ကိုဗစ်- ၁၉ ကြောင့် ၂နှစ်ကြာ ယာယီပိတ်ထားသည့် တရုတ်- မြန်မာနယ်စပ်ရှိ မူလတန်းကျောင်းပြန်ဖွင့်နေပြီဖြစ်ကာ နှစ်နိုင်ငံလုံးက မူလတန်းကလေးငယ်များ စတင်ကျောင်းတက်​နေ​ပြီ​ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ မူလတန်းကျောင်းသည် ယူနန်ပြည်နယ်၊ ရွှေလီမြို့ ကျယ်ဂေါင်နန်းတော်ဂိတ် အနီးတည်ရှိပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူတွေ တက်ရောက်သည့် ကျောင်းဖြစ်ကာ လက်ရှိတွင် ကျောင်းသားကျောင်းသူ ၃၄၅ ဦး ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါကြောင့် ကျယ်ဂေါင်နန်းတော်ဂိတ် မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်ကို ကျယ်ဂေါင်မှ ရွှေလီမြို့တွင်းရှိ မူလတန်းကျောင်းသို့ ပြောင်းရွှေ့၍ ခေတ္တပညာသင်ကြားစေခဲ့ကြောင်း၊ ယင်းအပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါကျောင်းသည် ၂၀၂၃ ခုနှစ် နွေဦးရာသီ ကျောင်းပြန်လည်ဖွင့်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းပြန်တက်​နေ​ကြ​ပြီး အချို့သော ကျောင်းသားကျောင်းသူများသည် ကျောင်းပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here