တန့်ယန်းမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးတိုက်၍ ၄ ဦးဒဏ်ရာ ရ

0
173

ရှမ်းပြည်နယ်၊တန့်ယန်းမြို့နယ်၊နောင်ဖိုင်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက ဆိုင်ကယ် ၂ စီးတိုက်မိခဲ့သည်ဟု တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က တန့်ယန်းမြို့နယ်၊နောင်ဖိုင်ကျေးရွာရှိ တန့်ယန်း-မိုင်းကောင်သွားကားလမ်းတွင် ဆိုင်ကယ်နှစ်စီးတိုက်၍ ထိခိုက်ဒဏ်ရာရသူများရှိနေသဖြင့် တန့်ယန်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ သွားရောက်ကူညီပေးခဲ့ကြသည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်နှစ်စီးလုံးပေါ်ရှိ အမျိုးသား ၄ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖုန်းသတင်းရတာနဲ့သွားပြီးကူညီပေးခဲ့ပါတယ် ၄ ယောက်လုံးကိုမြေပြင်ကုသတာတွေအရင်လုပ်ပေးပြီး ဆေးရုံပို့ပေးခဲ့တာပါ စိုးရိမ်စရာတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here