၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာ မေးပွဲအား ကျောက်ဖြူမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၃၆၅ ဦးဖြေဆိုမည်

0
296

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာတစ်နိုင်ငံလုံး၌ မတ် ၈ ရက်မှစတင်ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာတွင် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ ၁၃၆၅ ဦးတို့အတွက် စာစစ်ဌာန ၄ ခုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ အထက(၁)စာစစ်ဌာန၊ အထက(၂)စာစစ်ဌာန၊ အထက(၃)စာစစ်ဌာနနှင့် အထက(စစ်တော)စာစစ်ဌာန ၄ ခုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း စာစစ်ဌာန ၄ ခု၌ကျောင်းတွင်းဖြေ ကျောင်း သား၊ကျောင်းသူ ၆၃ ဦး၊ ပြင်ပဖြေကျောင်းသား၊ကျောင်းသူ ၁၃၀၂ ဦး(စုစုပေါင်း ၁၃၆၅)ဦးတို့ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here