တရုတ်ထောက်လှမ်းရေးမီးပုံးကိစ္စတင်းမာမှုများအတွက် စိုးရိမ်မိကြောင်းဂျပန်ပြောကြား

0
301

မြူးနစ်၊ဖေဖော်ဝါရီ ၁၉

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယရှိသည် တရုတ်နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲဝမ်ယိအား တရုတ်ထောက်လှမ်းရေးမီးပုံးဟုယူဆရသည့်အရာကြောင့် ကျူးကျော်မှုသဖွယ်ဖြစ်လာကာ တင်းမာမှုများမြင့်တက်လာမည်ကို စိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပသည့် နိုင်ငံခြားရေးအကြီးတန်းအရာရှိများနှင့် ကာကွယ်ရေးအရာရှိများပါဝင်သော လုံခြုံရေး ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ပြုလုပ်ရန် နှစ်နိုင်ငံသဘောတူထားကြောင်းလည်း မီဒီယာများသို့ပြောကြားခဲ့သည်။

ထို့အပြင်နှစ်နိုင်ငံဆက်ဆံရေးကို အပြုသဘောဆောင်ပြီးတည်ငြိမ်သောဆက်ဆံရေးအဖြစ် ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟုပြောကြားခဲ့သည်။

တရုတ်ဘက်ကလည်း ဂျပန်အနေဖြင့်ခိုင်လုံတိကျသည့်သက်သေမရှိပဲ တရုတ်အားစွပ်စွဲကာအမည်ဖျက်နေခြင်းဖြစ်သည်ဟုတုံ့ပြန်ခဲ့သည်။ထို့အပြင်ဝါရှင်တန်ဦးဆောင်မှုနောက်လိုက်ကာ တရုတ်ကို အားကြိုးမန်တက်မစွပ်စွဲသင့်ကြောင်းလည်းပြောခဲ့သည်။

ယင်းနောက် တရုတ်နှင့်ဂျပန်အငြင်းပွားနေသည့် ဆန်းခကုကျွန်းငယ်များအရေးအပါအဝင် ယင်းဧရိယာတစ်ဝိုက် တရုတ်၏ပြင်းထန်သည့်စစ်ရေးလှုပ်ရှားမှုများအပေါ် စိုးရိမ်မိကြောင်းလည်း ဟာယရှိကပြောကြားခဲ့သည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here