နူးဇီလန်ဆိုင်ကလုန်းကြောင့် သေဆုံးသူ ၁၁ ဦးရှိလာပြီဖြစ်

0
238

ဆစ်ဒ်နီ၊ဖေဖော်ဝါရီ ၁၉

နူးဇီလန်မြောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုန်တိုင်း ဂါဘရီလီကြောင့် သေဆုံးသူ ၁၁ ဦးရှိလာပြီဖြစ်ကာ ထောင်နှင့်ချီ ၍ပျောက်ဆုံးနေကြောင်းသိရသည်။

ဂါဘရီလီသည်ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစတင်တိုက်ခတ်ခြင်းဖြစ်ကာ အရှေ့ဘက်ကမ်းရိုးတန်း၌လည်း ပျက်စီးဆုံးရှုံးမှုအလွန်များခဲ့ပြီး ရာစုနှစ် အတွင်းအဆိုးရွားဆုံးဖြစ်သည်ဟုဆိုသည်။

သေဆုံးသူ ၁၁ ဦးရှိလာချိန်၌ အဆက်သွယ်မရဘဲပျောက်ဆုံးနေသူ ၅,၆၀၈ ဦးအထိရှိနေသည်။ ၁,၁၉၆ ဦးက မူဘေးကင်းကြောင်း သတင်းရ သည်ဟု ရဲများကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအားအရှိန်မြှင့်ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတွင်းလူပေါင်း ၆၂,၀၀၀ ခန့် သည် လျှပ်စစ်မီးမရဘဲနေနေကြရသည်ဟုသိရသည်။

ဝန်ကြီးချုပ်ဟစ်ပ်ကင်ကမူ ကယ်ဆယ်ရေးအတွက်ဆောင်ရွက်နေကာ မြောက်ပိုင်းဒေသသို့ဦးစားပေးကူညီမည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here