ဘုတ်ပြင်းမြို့နယ်တွင် ခရီးသည်တင်ကား သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံး

0
261

တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ခရီးသည်တင်ကားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းက သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က ဦးမင်းမင်းချမ်း မောင်းကာ ခရီးသည် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၄ ဦးလိုက်ပါလာသည့် ခရီးသည်တင်ကားသည် ကော့သောင်းမြို့မှမြိတ်မြို့သို့ ထွက်ခွာလာခဲ့သည်။

ထိုသို့ ထွက်ခွာလာစဥ် ဘုတ်ပြင်းမြို့နယ်၊မနိုးရုံးကျေးရွာနှင့်ခဲချောင်းကျေးရွာလမ်းဆုံအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားပေါ်၌လိုက်ပါလာသည့် အသက်(၉)နှစ်အရွယ်ရှိ(အမျိုးသား)တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်က သေဆုံးသွားတဲ့ ၂ ယောက်ကိုဆေးရုံပို့ပေးထားတယိလို့သိရပါတယ် ကျွန်တော်တို့အသင်းကို ဖုန်းဆက်ပြီးမခေါ်တဲ့အတွက် သွားမသယ်ပေးဖြစ်ပါဘူး မိတ်ဖက်အသင်းတစ်သင်းကသွားသယ်ပေးခဲ့တာပါ”ဟု ဘုတ်ပြင်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here