တာချီလိတ်မြို့တွင် ပစ်ကပ်ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ဦးခေါင်းထိခိုက်ကာသေဆုံးခဲ့

0
546

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက ပစ်ကပ်ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့သည်ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၆ နာရီခွဲခန့်က တာချီလိတ်မြို့၊ တော်ဝင်လမ်းလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းလာသည့် ကိုဆမ်ကတ်(၃၀)နှစ်သည် ဦးခေါင်းနှင့်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဖုန်းသတင်းရလို့သွားတဲ့အချိန်မှာ လူနာကခေါင်းကိုထိထားတယ် စိုးရိမ်ရအဆင့်ပေါ့ ဒဏ်ရာတွေကိုမြေပြင်အရေးပေါ်ကုသပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ် ဆေးရုံမှာဆေးကုနေရင်း ည ၁၀ နာရီလောက်မှာ သေဆုံးသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုဆမ်ကတ်အား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် သေဆုံးသွားသဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံရှိ ရေခဲတိုက်သို့ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here