ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ ဘလူးမတ်ခ်ရယူနိုင်မည့် အစီအစဉ်ကို ဇူကာဘတ်ကြေညာ

0
683

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီဖြစ်သော မက်တာ ပိုင်ရှင် မာ့ခ်ဇူကာဘတ်က အဆိုပါအက်ပ်များကို အသုံးပြုသူများသည် သူတို့၏ အကောင့်များကို တရားဝင်မှန်ကန်ကြောင်း အတည်ပြုပေးမည့် အပြာရောင်အမှန်ခြစ် ဘလူးမာ့ခ်ကို လစဉ် အခကြေးငွေပေးသွင်းကာ ရယူနိုင်မည့် အစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

တွစ်တာတွင်လည်း အလားတူ အစီအစဉ်မျိုးကို အီလွန်မတ်ခ်စ်က ကြေညာခဲ့ပြီးနောက် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘလူးမာ့ခ်ရရှိထားပြီးသူများ၏ အကောင့်များကိုမူ မည်သည့်အပြောင်းအလဲမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း မက်တာက အာမခံထားသည်။

အဆိုပါအစီအစဉ်ကို ဩစတြေးလျနှင့် နူးဇီလန်တို့တွင် ယခုအပတ်အတွင်း စတင်မည်ဖြစ်ပြီး အသုံးပြုသူများသည် နိုင်ငံသားမှတ်ပုံတင်ဖြင့် မိမိ၏အကောင့်ကို အတည်ပြုကာ ဘလူးမာ့ခ်ရယူနိုင်မည်ဟု ဇူကာဘတ်က ဆိုသည်။

ဘလူးမာ့ခ်သည် အသုံးပြုများ၏ အကောင့်များကို ဆင်တူယိုးမှား အကောင့်အတုများထံမှ ခွဲခြားပေးမည်ဖြစ်ပြီး ဘလူးမာ့ခ်ရထားပါက ကာစတန်မာ ဆားဗစ်ကိုလည်း တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်သည်။

ဘလူးမာ့ခ်ကို မက်တာ၏ ဝဘ်ဆိုဒ်တွင် တိုက်ရိုက်ဝယ်ယူပါက တစ်လလျှင် ၁၂ ဒေါ်လာကျသင့်မည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်မှတစ်ဆင့် ဝယ်ယူပါက တစ်လလျှင် ၁၅ ဒေါ်လာကျသင့်မည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here