ကုန်ကြမ်းလိုအပ်ချက်တွေကို ဦးစားပေးတင်သွင်းသည့်အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှု အပြည့်မဝင်ဟုဆို

0
152

ပြည်တွင်း၌ ထုတ်ကုန်အများစု၏ လိုအပ်သည့်ကုန်ကြမ်းများကို ပြည်ပမှဦးစားပေးတင်သွင်းနေရသည့်အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှာ အပြည့်မဝင်သေးကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ သိရသည်။

“အဓိက Import တွေပေါ့နော်၊ ကုန်ကြမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းက နိုင်ငံခြားကနေ သွင်းတဲ့ပစ္စည်းတွေဖြစ်နေတော့ ကုန်ကြမ်းလိုအပ်ချက်တွေရှိတဲ့အတွက်ကြောင့် ဖိအားက စားသောက်ကုန်တွေ လိုအပ်ချက်တွေ လူသုံးကုန်တွေဟာ အပြည့်မဝင်ဘူး၊ ခွဲတမ်းနဲ့ သွားနေရတာပေါ့၊ အဲဒါတွေလည်းပါတာပေါ့”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

ထိုကဲ့သို့အ​​ခြေ​နေများ​ကြောင့်လည်း နစကအ​နေဖြင့် သွင်းကုန်အစားထိုး​ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုများအားတိုက်တွန်းလျှက်ရှိ​နေသည်

လက်ရှိ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအခြေအနေမှာ ပွင့်လင်းရာသီလည်းဖြစ်သည့်အတွက် အလုပ်အကိုင်ကောင်းမွန်ကြောင်း၊ အဓိကအနေဖြင့် ရန်ကုန်-မြဝတီ၊ ရန်ကုန်-မူဆယ်အလုပ်ကောင်းပါက တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် အလုပ်ကောင်းမည်ဖြစ်ကြောင်း သိရသည်။

အဝေးပြေးကုန်ကားပြေးဆွဲမှုများအနေနှင့် မဖြစ်မနေ ရောင်းချရမည့် ကုန်စည်များဖြစ်သော မီးဖိုချောင်သုံး ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ လူသုံးကုန်၊ အခြေခံစားကုန်များကို ပြေးဆွဲပေးနေကြောင်း သိရသည်။

မြန်မာ-ထိုင်း၊မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်ကာလမတိုင်ခင်အခြေအနေကို ပြန်လည်မရောက်ရှိသေးသော်လည်း လက်ရှိအခြေအနေတွင် ပုံမှန်အတိုင်း ကုန်သွယ်မှုပြုလုပ်နေသည့်အတွက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာ ကောင်းမွန်နေခြင်းဖြစ်ကြောင်း သိရသည်။

အချို့နယ်​မြေများတွင် အစစ်အ​ဆေးများ​နေခြင်းကအခက်ခက်တစ်ခုဖြစ်​နေတာရှိလို၊ကုန်စည်တန်ဖိုးတွင်ကားခတွက်ချက်မူရာခိုင်နူန်းမှာအနည်းသာဖြစ်သဖြင့် ကားခ​ကြောင့်​စျေးတက်ရပါသည်ဆိုသည်ကလည်းစဥ်းစားစရာခေါင်းစဥ်တစ်ခုဖြစ်​နေ​ကြောင်း ကုန်စည်ပို့​ဆောင်​ရေး လုပ်​နေသူတစ်ဦးက မှတ်ချက်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here