ငလျင်ဒဏ်သင့် တုကီယေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သွားရောက်၊ နောက်ထပ် ဒေါ်လာသန်းတစ်ရာဖိုး ကူညီထောက်ပံရန် ကတိပြု

0
142

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဖေဖော်ဝါရီ ၁၉ ရက် တနင်္ဂနွေနေ့တွင် ငလျင်ဒဏ်သင့် တုကီယေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်လာ သန်းတစ်ရာဖိုး အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

တုကီယေးနှင့် ဆီးရီးယားမြောက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း လေးသောင်း ငါးထောင်ရှိလာပြီဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ကို အရေးတကြီးလိုအပ်လျက်ရှိနေသည်။

အဆိုပါခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ဘလင်ကန်၏ ပထမဆုံးသော တုကီယေးခရီးစဉ်ဖြစ်သည်။ ဘလင်ကန်သည် တုကီယေး အရှေ့တောင်ပိုင်းဒေသများသို့ လှည့်လည်သွားရောက်ခဲ့သည်။

အကူအညီများနှင့် ပတ်သက်၍ ဘလင်ကန်က အမေရိကသည် တုကီယေးဆီသို့ ငလျင်ဖြစ်ပွားပြီးနောက် အစောပိုင်းကတည်းက ဒေါ်လာ ၈၅ သန်း တန်ကြေးရှိသော အိမ်ရာ၊ ရေ၊ အစားအစာ၊ ဆေးဝါးနှင့် အဝတ်အထည်များကို ချက်ချင်းပေးပို့ကူညီထားကြောင်း ပြောကြားကာ အကူအညီများကို အသည်းအသန် လိုအပ်နေသူများအတွက် နောက်ထပ် ဒေါ်လာသန်းတစ်ရာဖိုး ထပ်မံကူညီသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ဆီးရီးယားကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း အကူအညီများကိုမူ ပေးအပ်သွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here