ဩဇီပါမောက္ခ ပါပူဝါနူးဂီနီတွင် ပြန်ပေးဆွဲခံရ

0
81

ဆစ်ဒ်နီ၊ ဖေဖော်ဝါရီ ၂၀

ဩစတြေးလျမှ တက္ကသိုလ်ပါမောက္ခတစ်ဦးနှင့် အခြားသုသေတီ သုံးဦးသည် ပါပူဝါနူးဂီနီနိုင်ငံရှိ မြို့ကြီးများနှင့် ဝေးလံသော တောင်တန်းဒေသတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း ပါပူဝါနူးဂီနီဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဩဇီနိုင်ငံသားသည် ဩစတြေးလျတက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ရှေးဟောင်းသုသေတနပညာရှင်တစ်ဦးဖြစ်ပြီး ပါပူဝါနူးဂီနီနိုင်ငံသို့ လေ့လာရေးခရီးထွက်လာစဉ် ယခုကဲ့သို့ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

ထိုလက်နက်ကိုင်အဖွဲ့သည် ပါပူဝါနူးဂီနီအစိုးရနှင့် ဩဇီအစိုးရတို့ထံ ဖမ်းဆီးခံရသူများအား ငွေပေး၍ ပြန်လာရွေးရန် ပြောကြားထားသည်ဟုလည်း သိရသည်။

ရဲများနှင့် စစ်တပ်များကို အသင့်ပြင်ခိုင်းထားကြောင်းနှင့် အစိုးရသည် ဖျန်ဖြေပေးသူအဖြစ် ဆောင်ရွက်ပေးမည့် သာသနာပြုအဖွဲ့များနှင့်အတူ လက်တွဲလုပ်ဆောင်နေကြောင်း ပါပူဝါနူးဂီနီဝန်ကြီးချုပ် ဂျိမ်းစ် မရပီက သတင်းထောက်များအား ဖေဖော်ဝါရီလ ၂၀ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အလွန်အရေးကြီးသည့် အခြေအနေကြောင့် ပါမောက္ခ၏ အမည်နှင့် အခြားသတင်းအချက်များကိုမူ ထပ်မံဖြေကြားခဲ့ခြင်း မရှိပေ။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here