လွမ်အင်-မန်မိုင်(ကျင်ဆန်ကျော့) လမ်းပိုင်းတွင် အစားထိုးယာဉ်မောင်းစနစ်ပယ်ဖျက်

0
141

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ လွမ်အင်-မန်မိုင်(ကျင်ဆန်ကျော့) လမ်းပိုင်းတွင် အစားထိုးယာဉ်မောင်းစနစ်ပယ်ဖျက်လိုက်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များမှ သိရသည်။

အဆိုပါ တရုတ်အစားထိုးယာဉ်မောင်းစနစ်( ရှန်တိန်)ကို ဖေဖော်ဝါရီ ၁၈ ရက်က စတင်ဖျက်သိမ်းလိုက်ကာ စာအုပ်အနီကိုင်ဆောင်ထားသူသာတိုက်ရိုက်မောင်းခွင့်ရှိပြီး စာအုပ်မရှိသော ယာဉ်မောင်းများအနေဖြင့် နီးစပ်ရာဒေသခံယာဉ်မောင်းတွေနှင့် ညှိနှိုင်း၍ မောင်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ဂိတ်နှင့် ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်ကို ဖြေလျှော့ပေခဲ့ကြောင်း၊ တရုတ် ယူနန်အစိုးရ အကောက်ခွန်ဌာနသည် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို မြန်မာတွင် ကိုဗစ်ရောဂါစဖြစ်သည့် ၂၀၂၀ မတ်လနောက်ပိုင်းကစပြီး လိုအပ်သလို ကန့်သတ်၊ ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

ယခုလို ဖြေလျှော့မှုများပြုလုပ်ခြင်းသည် မြန်မာဘက်မှ ဖရဲ၊ သခွား၊ ဆန်၊ ဆန်ကွဲ၊ ရာဘာ၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် အခြားစားသောက်ကုန်ကားများ ကျင်စန်းကျော့ဂိတ်ကနေ တရက်လျှင် အစီးရေ ၁၂၀ ဝန်းကျင် တရုတ်ပြည်ထဲသို့ မြန်မြန်ဝင်ခွင့်ရသွားသလို တရုတ်ဘက်ကလည်း ကုန်ကား အစီးရေ ၅၀ ဝန်းကျင် မြန်မာဘက်သို့ တိုက်ရိုက်ဝင်ခွင့်ရသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here