ဘရားဇီး ရေကြီး လို့ မြေပြို, လူ ၃၆ ဦး သေဆုံး၊ ကာနီဗယ်ပွဲပျက်

0
207

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ဆောင်ပေါင်လို ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ကာ လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဆောင် ဆဘတ်စ်ရှန်မြို့တွင် လူ ၃၅ ဦး သေဆုံးခဲ့ပြီး အနီးနားရှိ အူဘတ်တူဘာမြို့တွင် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဆောင်ပေါ်လို ပြည်နယ်အစိုးရက ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူဒါဇင်နှင့်ချီ ပျောက်ဆုံးနေပြီး မြေပြိုမှုကြောင့် မြို့ထဲတွင် အိမ်ခြေပေါင်း ၅၀ ပြိုကျခဲ့သည်ဟု ဆောင် ဆဘတ်စ်ရှန်၏ မြို့တော်ဝန် ဖလစ်ပီ အောင်ဂို့စ်တို ကပြောသည်။

ဒေသတွင်း မိုးရွာသွန်းမှုသည် တစ်ရက်အတွင်း မိုးရေချိန် ခြောက်ရာ မီလီမီတာ (၂၃ ဒသမ ၆ လက်မ) ကျော်လွန်သွားခဲ့ပြီး ထိုပမဏသည် ဘရာဇီးနိုင်ငံ၌ အချိန်တိုအတွင်း ရရှိခဲ့သော အမြင့်ဆုံး မိုးရေချိန်ပမာဏတစ်ခု ဖြစ်ကြောင်း ဆောင်ပေါ်လို ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

ဒေသတွင်း အခြေအနေများမှာ တည်ငြိမ်သွားပြီဖြစ်သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအတွင်း ပျောက်ဆုံးနေသူများနှင့် ဒဏ်ရာရရှိသူများကို ရှာဖွေလျက်ရှိနေသောကြောင့် ဘရာဇီးတွင် နှစ်စဉ်ကျင်းပလျက်ရှိသော နာမည်ကျော် ကာနီဗယ်ပွဲတော်အား ထိုပြည်နယ်တွင် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

Source: The Economic Times


LEAVE A REPLY

Please enter your comment!
Please enter your name here