ကိုဗစ်ရောဂါပိုးအသစ်တွေ့၍ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ညွှန်ကြား

0
121

ကိုဗစ်ရောဂါပိုးအသစ်ထွက်ပေါ်နေသည့်အတွက် အပြင်ထွက်ပါက နှာခေါင်းစည်းမဖြစ်မနေတပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေကို ညွှန်ကြားထားသည်။

အိမ်နီးနားချင်းနိုင်ငံများတွင် ကိုဗစ်ရောဂါပိုးအသစ်ဖြစ်သည့် Covid-19 Omicron XBB Variant Coronavirus အသစ်ပေါ်ထွက်နေတာကြောင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက လူတိုင်း လူစုလူဝေး နေရာများတွင် အပြင်ထွက်ပါက နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်ဆေးရုံကြီးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးအသစ်၏ ရောဂါလက္ခဏာသည် ယခင်ရောဂါလက္ခဏာတွေနှင့် မတူညီဘဲ ချောင်းဆိုးခြင်း ဖျားခြင်းလုံးဝ မရှိသည့် ရောဂါပိုးဖြစ်ကြောင်း သိရသည်။

၎င်း၏ ရောဂါလက္ခဏာတွေသည် အဆစ်အမြစ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာကျင်ခြင်း၊ နောက်ကျောနာကျင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အာဟာရလျော့နည်းခြင်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here