ပြည်သူလူထု အားကိုးရသည့် Smart Party ဖြစ်အောင် လုပ်ဆောင်မည်ဟု ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးသောင်းအေးပြော

0
157

ပြည်သူလူထု အားကိုးရသည့် Smart Party ဖြစ်အောင် ရက်(၉၀) စီမံချက်ကာလ ဒုတိယ သုံးလပတ်အနေဖြင့် မတ်လမှ မေလအထိ သတ်မှတ်ကာ စီမံချက်ပါ လုပ်ငန်းများ လုပ်ဆောင်ကြရန် ရကံ့ခိုင်ရေးပါတီ အထွေထွေ အ တွင်းရေးမှူး ဦးသောင်းအေးက ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီလ (၁၉) ရက်က ဦးသောင်းအေးနှင့် မန္တလေး တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များ တွေ့ ဆုံပွဲတွင် ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပါတီကော်မတီ အဆင့်ဆင့်အနေဖြင့် စည်းလုံးညီညွတ်မှုရှိခြင်း၊ အင်အားကြီးမားခြင်း၊ တိကျပြတ်သားမှုရှိခြင်း၊ သစ္စာရှိခြင်း၊ ပြည်သူလူထုမှ ယုံ ကြည်အားကိုးရသည့် ပါတီဖြစ်ခြင်း စသည့်အချက်များနှင့် ပြည့်စုံသော SMART Party ဖြစ်ရေးကြိုးစားဆောင် ရွက်ကြရန် ဦးသောင်းအေးက တိုက်တွန်း ပြောကြားခဲ့ခြ င်း ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဒုတိယ(၃) လပတ် ရက် (၉ ၀) စီမံချက်ကာလအဖြစ် ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး စီမံချက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်သွားကြရန်လည်း ၎င်းက ပါ တီဝင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် ပါတီဝင်အင်အားစီစစ်ခြင်း လုပ်ငန်းကို ဆက် လက်ဆောင်ရွက်သွားရန်နှင့် ပါတီဝင်အင်အား တိုးပွားရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားရန်လည်း မှာ ကြားခဲ့ကြောင်း သိရသည်။

ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်ထားသော အသွင်သစ်ဖြင့်ဆက်ဆံရေး လုပ်ငန်းစဉ်များ၊ တန်းတူရည်တူ ဆက်ဆံရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားများ စနစ်တကျဖြစ်စေရေးအတွ က် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်း ရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပါတီဗဟိုအလုပ်အမှု ဆောင်ဒေါက်တာမောင်သင်းက PR စနစ်နှင့်ပတ်သက်၍ သုတေသနပြုလုပ်ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍  ပါတီဝင်များအား ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here