တရုတ်အနေဖြင့်ရုရှားကို လက်နက်ပံ့ပိုးပေးနိုင်သည်ဟုဆိုသော အမေရိက၏စွပ်စွဲချက်အားပေကျင်းရှုံ့ချ

0
157

ပေကျင်း၊ဖေဖော်ဝါရီ ၂၀

တရုတ်အနေဖြင့် ယူကရိန်းအရေးအတွက် ရုရှားသို့လက်နက်ပံ့ပိုးထောက်ပံ့ပေးနိုင်သည်ဟု အမေရိက၏ပြောကြားချက်အား တရုတ်ကရှုံ့ချခဲ့သည်။ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးမူဝါဒရေးရာဝန်ကြီးတို့တွေ့ဆုံစဉ် ကန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 “တကယ်တမ်းစစ်မြေပြင်ကိုလက်နက်တွေ ပေါ်ပေါ်ထင်ထင်ထောက်ပံ့နေတာ အမေရိကပါ၊တရုတ်မဟုတ်ပါဘူး” ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။အမေရိကန်ပြည်ထောင်စုအနေနှင့် မိမိတို့၏လုပ်ရပ်အား ပြန်လည်ဆင်ခြင်သုံးသပ်ဖို့တိုက်တွန်းပါသည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက်အမေရိကအနေဖြင့် တရုတ်အပေါ်အပြစ်တင်ပြောကြားမှုများနှင့် သတင်းမှားများဖြန့်ခြင်းများ အား ရပ်တန်းကရပ်ရန်လည်းတိုက်တွန်းပြောကြားခဲ့သည်။ယခုအချိန်တွင်မည်သူကငြိမ်းချမ်းရေးတောင်းဆိုနေပြီး မည်သူကမီးလောင်ရာလေပင့်လုပ်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အမေရိက၏ယခုစွပ်စွဲချက်သည် အမေရိကန်လေပိုင်နက်အတွင်းဝင်ရောက်လာသည့် တရုတ်ထောက်လှမ်းရေးမီးပုံးအား အမေရိကဘက်မှပစ်ချလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။မြူးနစ်လုံခြုံရေးညီလာခံတစ်လျှောက်လည်း ဝမ်နှင့်ဘလင်ကန်တို့သည်အဆိုပါကိစ္စအပေါ်တွင်သာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။

ယင်းနောက်မစ္စတာဘလင်ကန်က တရုတ်အနေဖြင့်ရုရှားသို့လက်နက်ပံ့ပိုးပေးပါက ဖြစ်လာမည့်အကျိုးဆက်များကို ကြိုတွေးထားရန်လည်းသတိပေးခဲ့သည်။မစ္စတာဝမ်ကလည်း မီးပုံးသည်မိုးလေဝသလေ့လာရေးရည်ရွယ်ချက်အတွက်သာဖြစ်သည်ဟု ထပ်တလဲလဲဆိုကာ အဆိုပါကိစ္စကြောင့်တရုတ်နှင့်အမေရိကန်ကြားဆက်ဆံရေးထိခိုက်လာလိမ့်မည်ဟုပြန်တုံ့ပြန်ခဲ့သည်။

အဆုံးသတ်တွင်မူ တရုတ်ထိပ်တန်းသံတမန်မစ္စတာဝမ်က မီးပုံးကိစ္စအား အမေရိကဘက်မှတုံ့ပြန်ပုံသည် အလွန်အကျွံဖြစ်နေပြီး ကိုးယို့ကားယားနိုင်လွန်းသည်ဟုပြစ်တင်ဝေဖန်ခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here